ပုဗ္ဗသီရိ ဇူလိုင် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) ပညာရေးဌာနတို့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးက စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသော “လူငယ်နှင့် စူးစမ်းစိတ်” ဆိုသည့် ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးကာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ယင်းစာအုပ်မှ မိမိတို့ကြိုက်နှစ်သက်ရာခေါင်းစဉ်များကို ရွေးချယ်ဖတ်ကြားဆွေးနွေးပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်ပြသထားသော စာအုပ်ပြပွဲ၊ အာဇာနည် (၉)ဦး၏ မှတ်တမ်းဓာတ်ပုံများကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နန်းရွှေရတီ (ပြန်/ဆက်)