ဇေယျာသီရိမြို့နယ်၌ တရားမဝင်ကုန်စည်များ ရောင်းချနေမှုရှိ / မရှိ၊ စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ဇေယျာသီရိ ဇူလိုင် ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း တရားမဝင်ကုန်စည်များ ရောင်းချနေမှုရှိ/ မရှိ၊ စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယ‌ နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်တာဝန်ခံ ရုံးအုပ်ဦးဝင်းသွင်နှင့် တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်စံအောင်ဈေးနှင့် ရေဆင်းဈေးအတွင်းရှိ ဈေးဆိုင်များတွင် တရားမဝင်ကုန်စည်များရောင်းချနေမှုရှိ/ မရှိ၊ ဆန် သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ စားသုံးဆီလက်လီ လက်ကားအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး တရားမဝင်ကုန်စည်များနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိပါက ဖော်ထုတ်အရေးယူခြင်းနှင့် အရေးယူဆောင်ရွက်သွားမည့်အရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)