မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များ ပြသ

မိုင်းခတ် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြသခဲ့သည်။

အဆိုပါအသိပညာပေးပြပွဲတွင် အထွေထွေဗဟုသုတစာအုပ်များ၊ စာပေဗိမာန်ဆုရစာအုပ်များ၊ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်များ၊ နိုင်ငံ့ဂုဏ်ရည်နှင့် မြဝတီမဂ္ဂဇင်းများ၊ သုတအလင်းမဂ္ဂဇင်းနှင့် အားကစားဂျာနယ်များ စသည့်သုတ/ရသစာအုပ်များ ပြသပြီး၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်နှင့် ယာဥ်စည်းကမ်း/ လမ်းစည်းကမ်းအသိပညာပေးနံရံကပ်စာ‌စောင်များကို အသိပညာပေးပြသရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Women Club အဖွဲ့ဝင်များနှင့် စာဖတ်၊ စာငှားပရိသတ်များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)