ပုဗ္ဗသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ပုဗ္ဗသီရိ ဇူလိုင် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်နေ့ကို အစဥ်အမြဲသတိရရှိစေရန်ရည်ရွယ်၍ ယနေ့ နေ့လယ်ပိုင်းတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးက (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ မောင်ရဲမွန်ကျော်နှင့် စာရေးဆရာ မောင်ရည်ကျော် (ရူပ)တို့က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရအောင် အသက်ပေးပြီး စွမ်းဆောင်ကြိုးပမ်းခဲ့ကြသည့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို အစဉ်အမြဲအောက်မေ့ သတိရနေစေရန် စသည့် အကြောင်းအရာများကို  အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြ‌ကြောင်း သိရသည်။

နန်းရွှေရတီ (ပြန်/ဆက်)