သီရိ (၅) မြို့နယ် ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များအား ပြေစာများအပေါ်၌အခွန်တံဆိပ်ကပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေး

ဇမ္ဗူသီရိ ဇူလိုင် ၁၇

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များအား ပြေစာများအပေါ်၌ အခွန်တံဆိပ်ကပ်ခြင်းဆိုင်ရာ ဥပ‌ဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် သီရိ (၅) မြို့နယ်၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးလှငွေက ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များအား ပြေစာများအပေါ်၌ အခွန်တံဆိပ်ကပ်ခြင်းဆိုင်ရာ ဥပ‌ဒေ၊ နည်းဥပဒေ၊  လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ဆွေးနွေးပွဲသို့တက်ရောက်လာကြသော ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင် ၃၁ ဦးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)