နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇူလိုင် ၁၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလှုံစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးတွင် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးတွင် အသားတိုးနွား၊ ဒေသနွား၊ ဆိတ်နှင့် ဥစားကြက်များ တိုးချဲ့မွေးမြူနိုင်ရေးနှင့် တိရိစ္ဆာန်အစာ၊ မြက်နှင့် နှံစားပြောင်းများကို ကိုယ်တိုင်စိုက်ပျိုးကျွေးမွေးရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ငလျင်ဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် အခွန်ရငွေများ တိုးတက်ရရှိရန် လိုအပ်ကြောင်း၊ ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ နေပြည်တော််အတွင်း စိမ်းလန်းစိုပြေစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်များ တိုးချဲ့စိုက်ပျိုးရန်လိုအပ်ကြောင်း၊ မြို့၊ ရွာများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲစာရင်းများ မှန်ကန်တိကျစွာ ပြုစုဆောင်ရွက်ရန် လိုကြောင်း၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက်များကို လျာထားချက်ကျော်လွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဌာနဆိုင်ရာများမှ မိမိတို့၏လုပ်ငန်းတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)