မိုင်းပျဉ်းအထက-(ခွဲ)၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း နီလာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍  အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြုဖြူဝင်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြိုင်ပွဲများကိုကျင်းပရာ ကဗျာပြိုင်ပွဲတွင် မူလတန်း‌အောက်ဆင့် (၆)ဦးနှင့် မူလတန်း‌ထက်ဆင့် (၆)ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် အလယ်တန်းအဆင့် (၆)ဦး၊ အထက်တန်းအဆင့် (၄)ဦး၊ စုစုပေါင်း(၂၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင်ဆုရရှိ‌ ကျောင်းသား၊ ကျောင်းသူများအား  ဆုများချီးမြှင့်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ ကျပန်းစကားပြောနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်နယ်မှအရာရှိများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ အထကခွဲကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများစုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)