ကျောက်ပန်းတောင်း ဇူလိုင်၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိဉာဏ်ဗဟုသုတကြွယ်ဝစေရန်နှင့် ကျန်းမာရေး ကောင်းမွန်စေရန်ရည်ရွယ်၍ ဇူလိုင် ၁၄ ရက်က ကျောက်ပန်းတောင်းမြို့ မြို့မကွက်သစ် (အ-မ-က) သို့ ကွင်းဆင်း၍ ဟောပြောပွဲနှင့်တိုင်းရင်းဆေး(အခမဲ့)ဆေးကုသပေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
ဦးစွာ ခရိုင်တိုင်းရင်းဆေးကုဌာနမှူး ဒေါ်သင်းသင်းဦးက ကျန်းမာရေးအသိပညာပေးအကြောင်း ဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်မေသက်နွယ်က စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းမှ ကုန်အညွှန်း အမှတ် အသားများအကြောင်းနှင့် စားသုံးရန်မသင့်သော ဆိုးဆေးများအကြောင်း ဟောပြောသည်။ အဆိုပါဟောပြောပွဲတွင် ဆရာ/ဆရာမနှင့် ကျောင်းသားကျောင်းသူ ၁၀၀ တက်ရောက်သည်။
ဆက်လက်၍ ခရိုင်တိုင်းရင်းဆေးမှူးနှင့်ဒုတိယခရိုင်တိုင်းရင်းဆေးမှူးတို့က ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တိုင်းရင်းဆေးဖြင့် လူနာ ၅၃ ဦးတို့ကို (အခမဲ့)ကွင်းဆင်း ကုသပေးခဲ့ကြောင်း သိရသည်။
သဲသဲ(ပြန်/ဆက်)