ကျောက်ဆည် ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စီမံကိန်းသီးနှံများ လျာထားချက်ပြည့်မီကျော်လွန်ရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့်ပူးပေါင်းစိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် နွေနှမ်းသီးနှံ လျာထား(၂၉၀၀၀)ဧကထက် (၁၅၂၀၆)ဧက ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ရှိပြီး နွေနှမ်းသီးနှံများကို တိုက်နယ်(၁)၌ (၆၀၄)ဧက၊ တိုက်နယ် (၂)၌ (၃၇၄၄)ဧက၊ တိုက်နယ်(၃)၌ (၂၆၇၃)ဧက၊ တိုက်နယ်(၄)၌ (၁၈၄၇)ဧက၊ တိုက်နယ်(၅)၌ (၁၅၀၁) ဧက၊ တိုက်နယ်(၆)၌ (၁၂၈၂)ဧက၊ တိုက်နယ်(၇)၌ လျာထားစိုက်ပျိုးနိုင်ခြင်းမရှိကြောင်းနှင့် တိုက်နယ်(၈)၌ (၂၅၆၆)ဧက၊ တိုက်နယ်(၉)၌ (၂၆၀၀)ဧက၊ တိုက်နယ်(၁၀)၌ (၅၀၆၀)ဧက၊ တိုက်နယ် (၁၁)၌ (၃၀၆၄)ဧ က၊ တိုက်နယ်(၁၂)၌ (၄၀၅၉)ဧက စုစုပေါင်း (၂၉၀၀၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ကြောင်းနှင့် တိုက်နယ်(၂)၌ (၂၃၅)ဧက၊ တိုက်နယ်(၃)၌ (၁၃၅၅)ဧက၊ တိုက်နယ်(၄)၌ (၂၄၈၆)ဧက၊ တိုက်နယ်(၅)၌ (၂၁၄၀)ဧက၊ တိုက်နယ်(၆)၌ (၁၃၉၅) ဧက၊ တိုက်နယ်(၈)၌ (၂၀၃၉)ဧက၊ တိုက်နယ် (၉)၌ (၁၈၈၈)ဧက၊ တိုက်နယ်(၁၀)၌ (၃၃၂)ဧက၊ တိုက်နယ်(၁၁)၌ (၂၀၈၅)ဧက၊ တိုက်နယ် (၁၂)၌ (၁၂၅၁)ဧက စုစုပေါင်း(၁၅၂၀၆)ဧက ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် လျာထားနှမ်းသီးနှံများ ပြည့်မီကျော်လွန်စွာစိုက်ပျိုးနိုင်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့်ပူးပေါင်း၍ ညှိနှိုင်းစိုက်ပျိုးလျက်ရှိကြောင်းနှင့် သီးနှံများအောင်မြင်စေရေး ဒေသနှင့်ကိုက်ညီသည့် မျိုးများဖြန့်ဝေခြင်း၊ စိုက်နည်းစနစ်များ အသိပညာပေးဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေများ လုံလောက်စွာပေးဝေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)