ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး တောင်ဘက်နှင့်မြောက်ဘက်အာရုံ ခံတန်စောင်းမျက်နှာကျက်များအား ထိုင်ဝမ်ရွှေဆိုင်းဖြင့် အရောင်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်ဦး  ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာဘုရားကြီး တောင်ဘက်နှင့်မြောက်ဘက်အာရုံခံတန်စောင်းမျက်နှာကျက်များအား ထိုင်ဝမ်ရွှေဆိုင်းဖြင့် အရောင်တင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ညောင်ဦးခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက တောင်ဘက်စောင်းတန်းနှင့် မြောက်ဘက်စောင်းတန်းအာရုံခံတန် စောင်းမျက်နှာကျက်များ ထိုင်ဝမ်ရွှေဆိုင်းဖြင့် အရောင်တင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရွှေမိုက်လေလံတင်ဒါနှင့် ထိုင်ဝမ်ရွှေ (Easy Gold )ဆိုင်းကပ်တင်ဒါလုပ်ငန်း ကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်နီလာမြင့်က ထိုင်ဝမ်ရွှေဆိုင်းအရောင်တင်ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ အားနည်းချက် အားသာချက်တို့အား ဆွေးနွေးတင်ပြသည်။ ပြီးနောက် ထိုင်ဝမ်ရွှေ (Easy Gold) လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရွှေဆိုင်းပညာရှင် ဦးဌေးလှိုင်က အကြံပြုဆွေးနွေးကာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ ညွှန်ကြားရေးမှူး ဦးညီမွန်းက ထိုင်ဝမ်ရွှေဆိုင်းဖြင့် အရောင်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးမူမပျက်ဆောင်ရွက်လုပ်ကိုင်နိုင်ရေး မဆောင်ရွက်မီမူလအခြေအနေများအား ဓာတ်ပုံမှတ်တမ်းများဖြင့် မှတ်တမ်းတင်ထားနိုင်ရေးနှင့်ဆောင်ရွက်စဉ်၊ ဆောင်ရွက်ဆဲလုပ်ငန်းများအား မှတ်တမ်းတင်ထားနိုင်ရေးတို့အားဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ဒီပါလင်း