ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ်

ဒလ ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်အဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိဇေယျနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်ရေးမှူး ရဲမှူး မျိုးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်() ဦးရွှေလှိုင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့၀င်-၂၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်၀န်ထမ်းများ၊ သင်တန်းနည်းပြများနှင့် လူဝင်မှုကြီးကြပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေး စသည့်ဌာနများမှ သင်တန်းသား၊ သင်တန်းသူများ  စုစုပေါင်းအင်အား (၁၇၀) ဦး တက်ရောက်ခဲ့သည်။

သင်တန်းကာလမှာ ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၅ရက်၊  နေ့အထိ (၂) ရက်ဖြစ်ပြီး သင်တန်းအား နေ့စဉ်  နံနက် ၉:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီအထိ သင်ခန်းစာများ ပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်း တည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ မဲရုံတွင် မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့်စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ ကြိုတင်ပြင်ဆင်စမ်းသပ်ခြင်းများ၊ ရွေးကောက်ပွဲနေ့တွင် စမ်းသပ်မဲပေးခြင်း၊ အရန်စက်လဲလှယ်ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အသုံးပြုရမည့်ပုံစံများ ရှင်းလင်းခြင်းတို့ကို သင်တန်းသား၊ သင်တန်းသူများအား လက်တွေ့ကိုင်တွယ်လေ့ကျင့်စေခြင်း စသည့်လုပ်ငန်းစဉ်များအား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)