တပ်ကုန်း ဇူလိုင် ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီးပွား) ဦးအောင်ပြည့်စိုးသည် မြို့နယ်သမဝါယမဦးစီးဌာနမှ အသင်းတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မကျီးပင်ကျေးရွာ၊ မိုးစပါး ၇၃ဧက စိုက်ပျိုးရန် ထယ်ရေးပြင်ဆောင်ရွက်ထားရှိမှုများနှင့် အသင်းသားရှစ်ဦးမှ ရုံးပတီစပ်မျိုး ၁၀ ဧက စမ်းသပ်စိုက်ပျိုးမည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုနောက် ဒုတိယညွှန်ကြားရေးချုပ်သည် ကုမ္မဏီနှင့်ပေါင်းစပ်၍ တောင်သူများမှ Contract Farming စနစ်ဖြင့် ရုံးပတီစပ်မျိုးများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး၊ မြေယာပြုပြင်ချိန်အတွင်း စက်ကိရိယာများလိုအပ်ပါက လယ်ယာဝန်ဆောင်သမဝါယမပိုင်စက်များ လိုအပ်သလို ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ ထွက်ရှိလာသည့် စိုက်ပျိုးသီးနှံများ ကုမ္မဏီနှင့်ချိတ်ဆက်၍ ဈေးကောင်းရရှိအောင် ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးမည့်အစီအစဉ်များအား ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် ဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်