အောင်မြေသာစံ ဇူလိုင် ၁၄
၂၀၂၅/၂၀၂၆ ပညာသင်နှစ်၊ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၈)နာရီက မန္တလေး၊အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၁၇)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းနှင့်ဆရာ၊ဆရာမ (၆၅)ဦး၊ ကျောင်းသား၊ သူ (၁၅၀)ဦးတို့က ပန်းအလှပင်များ၊ အရိပ်ရပင်များ၊ လေကာပင်များ၊ ဟင်းသီးဟင်းနှံပင်များကို တစ်ပျော်တစ်ပါးစုပေါင်းစိုက်ပျိုးကြရာ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။
ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို အောင်မြေသာစံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၅၆)ကျောင်းတို့တွင်လည်း ပန်းအလှပင်များ၊ အရိပ်ရပင်များ၊ သီးပင်စားပင်များ စိုက်ပျိုးကြကြောင်း သိရသည်။
မြင့်မော်ထွန်း