နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်

နေပြည်တော် ဇူလိုင် ၁၄

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်းကျင် စိမ်းလန်းစို‌ပြည်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကြို့တန်း-ညိုပင်-ကွေ့ကြီး ကျေးရွာချင်းဆက်လမ်းတွင်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူလူထုများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပန်း‌တောက်ပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများမှ သတ်မှတ်နေရာများတွင် တမာ၊ ပိတောက်၊ ကုက္ကိုလ်၊ မန်ကျည်း  စုစုပေါင်း ၅၀၀ ပင် စိုက်ပျိုးနေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ လှည့်လည်ကြည့်ရှုအားပေးပြီး ညိုပင်‌ကျေးရွာအဝင် လမ်းပြုပြင်ရန်အတွက် မတည်ရန်ပုံငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)