ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာတွင် တောင်သူများကိုယ်တိုင်ပါဝင်သည့် သားဆက်လိုင်းများမွေးမြူရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ဇမ္ဗူသီရိ ဇူလိုင် ၁၃

 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ ကွင်းအမှတ်(၁၆၅၉)တွင် တောင်သူများကိုယ်တိုင် ပါဝင်သည့် သားဆက်လိုင်းများမွေးမြူရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများ၊ တောင်သူများနှင့် တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယခုကဲ့သို့ တောင်သူများကိုယ်တိုင် ပါဝင်သည့် သားဆက်လိုင်းများမွေးမြူ ရွေးချယ်ခြင်းမှာ ဇမ္ဗူသီရိမြို့နယ်အတွက် သင့်တော်သည့်         မျိုးများကိုတောင်သူများအတွက်အခြေခံကာ ရွေးချယ်နိုင်စေရန် ရည်ရွယ်ပါကြောင်း၊ ထို့အပြင် ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီသော  စိုက်နည်းစနစ်များကိုလည်း ဆက်လက်စမ်းသပ် ရမည် ဖြစ်ကြောင်းမှာကြားခဲ့ကြောင်းသိရသည်။

ယင်းနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများနှင့်အတူ သားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်းသုတေသန စမ်းသပ်ကွက် အတွင်း စိုက်ပျိုးစမ်းသပ် ထားသည့်။  (ပြည့်ဝxဆင်းဧကရီ -၃)x( ပြည့်ဝxပခန်းရွှေဝါ)၊  (ပြည့်ဝxရွှေအာဆီယံ)x (ကျော်ဇေယျx ရတနာတိုး )၊ (ပြည့်ဝxဧရာမင်း)စပါးမျိုး လိုင်းများထဲမှ စိတ်ကြိုက်ရွေးချယ်ခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

 နီလာ(ပြန်၊/ဆက်)