ဂမ္ဘီရ စိန္တာမယ ဆရာနန်းအောင်လှိုင်၏ စာအုပ်နှစ်အုပ် မိတ်ဆက်ပွဲ ကျင်းပ

ဗိုလ်တထောင် ဇူလိုင် ၁၃

ဂမ္ဘီရ စိန္တာမယ ဆရာနန်းအောင်လှိုင်၏ 'ဒေဝဝိဇ္ဇာရှင်အမေရေယဥ်နှင့် 'ပညာသည်တစ်ဦး၏ ဘဝခရီး စာအုပ်နှစ်အုပ် မိတ်ဆက်ပွဲကို ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ သိမ်ဖြူလမ်း သတင်းနှင့်စာနယ်ဇင်းရုံးရှိ ရွှေဥဒေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစာရေးဆရာ အသင်းဗဟို ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးထွန်း (မောင်စိမ်းနောင် - လယ်ဝေး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ - ကြို့ပင်ကောက်)၊ တွဲဖက်အတွင်းရေးမှူး (၃) ဦးအောင်ကြည် (အောင်ကြည်ညွန့် - တက္ကသိုလ်)နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဂမ္ဘီရ စိန္တာမယ ဆရာနန်းအောင်လှိုင်၏ ကိုယ်ရေးအကျဥ်းကို ဆရာမ ချောချောက ဖတ်ကြားပြီး သာကေတမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမြေလတ်မြတ်သူက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်းဗဟိုအတွင်းရေးမှူး မောင်ငြိမ်းသူ - ကြို့ပင်ကောက်၊ တရားလွှတ်တော်ရှေ့နေ၊ စာရေးဆရာ၊ ဒါရိုက်တာ အောင်စိုးဦး၊ ဆရာဟိန်းလတ်နှင့် ဆရာမှော်ဝန်းကြည်မြတ်တို့က မုဒိတာစကားများ ပြောကြားကြပြီး ဂမ္ဘီရ စိန္တာမယ ဆရာနန်းအောင်လှိုင်နှင့် ဇနီး ဒေဝသစ္စာဆရာမ သီရိနန်းထက်စံတို့က အမှတ်တရလက်ဆောင်များ ပေးအပ်သည်။ ထို့နောက် ဂမ္ဘီရစိန္တာမယ ဆရာနန်းအောင်လှိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဒေဝဝိဇ္ဇာရှင် အမေရေယဥ်စာအုပ်တွင် နတ်ဒေဝါများကို ယုံကြည်အားကိုးသူများ၊ ဗဟုသုတအဖြစ် လေ့လာလိုသူများ၊ နတ်ဒေဝါများအကြောင်းကို လေ့လာလိုသူများ ဖတ်ရှုနိုင်ရန် အမေရေယဥ်၏ အတ္ထုပတ္တိကို ဝတ္ထုဇာတ်လမ်းအသွင် ရေးသားထားပြီး ပညာသည်တစ်ဦး၏ ဘဝခရီးစာအုပ်တွင်  ဂမ္ဘီရနှင့်သက်ဆိုင်သော ဝတ္ထုတို ၉ ပုဒ်ကို ရေးသားထားသည်။ အဆိုပါစာအုပ်များကို ဒေဝသစ္စာဆရာမ သီရိနန်းထက်စံက စီစဥ်ပြီး မောင်ညီဦး ( က.စ.လ) က အနုပညာအကြံပေးကာ ဦးစိန်မြင့် (၀၃၀၇၃) ဇော်ထူးနိုင်စာပေ၊ အမှတ် - ၄ / က ၊ ၆ လွှာ၊ ပါရမီလမ်း (၁၀)  ရပ်ကွက် မရမ်းကုန်း ဖုန်း ၀၉-၅၁၅၃၂၅၅ မှ ထုတ်ဝေ၍ ဂမ္ဘီရစိန္တာမယ ဆရာနန်းအောင်လှိုင် ဖုန်း ၀၉ ၇၈၈၅၆၆၂၂၅ မှ ဒေဝဝိဇ္ဇာရှင် ​အမေရေယဥ်စာအုပ်တစ်အုပ် ၁၅၀၀၀ ကျပ်၊ ပညာသည်တစ်ဦး၏ ဘဝခရီးစာအုပ်တစ်အုပ် ၁၃၀၀၀ ကျပ်ဖြင့် ဖြန့်ချိကြောင်း သိရသည်။

ဂမ္ဘီရစိန္တာမယ ဆရာနန်းအောင်လှိုင်၏ စာအုပ်နှစ်အုပ် မိတ်ဆက်ပွဲတွင် အစီအစဥ်တင်ဆက်သူများအဖြစ် ဆရာမ ဇင်ဝေဝေနှင်း (အယူတော်မင်္ဂလာ) နှင့် ဆရာမ မိုးမိုးသင်း (ပတ္တမြားမြေ)တို့က ဆောင်ရွက်ခဲ့ကြပြီး ဆရာနန်းအောင်လှိုင်နှင့်ဇနီးတို့က တက်ရောက်လာကြသူများကို အဆိုပါစာအုပ်များ လက်ဆောင်ပေးခဲ့ကာ နေ့လယ်စာအဖြစ် ဒံပေါက်များကို ပါဆယ်ပေးခဲ့ကြောင်း သိရသည်။

ခင်ဝင်း(ပြန်/ဆက် )