တာချီလိတ် ဇူလိုင် ၁၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးက ကြီးမှူး၍ နိုင်ငံခြားသားများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီက တာချီလိတ်မြို့၊ 1G1 Hotel ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်လဝကဦးစီးမှူး ဦးသက်ဆွေဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးစိုင်းဝန်းလတ်ထွန်းက ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပါ ပြဌာန်းချက်များနှင့် နိုင်ငံခြားသားကြီးကြပ်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်များအား ရှင်းလင်းဟောပြောခဲ့ရာ ဟိုတယ်/ မိုတယ်များမှ တာဝန်ခံများ သိရှိလိုသည့် မေးမြန်းချက်များကို ခရိုင်လဝကဦးစီးမှူး ဦးမင်းနိုင်ဦးနှင့် တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးသည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့ပေါ် ဟိုတယ်နှင့်မိုတယများမှ တာဝန်ခံများ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)