တိုက်ကြီးမွေးမြူရေးဇုံဧက ၂၀၀၀ အနီး ခရိုင်ချင်းဆက်လမ်းအမှတ်(၁)မှ မှန်ပြတောင်သွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

တိုက်ကြီး ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တိုက်ကြီးမွေးမြူရေးဇုံ ဧက ၂၀၀၀ အနီး ခရိုင်ချင်းဆက်လမ်း အမှတ် (၁) မှ မှန်ပြတောင်သွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ၊ မှော်ဘီခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တိုက်ကြီးမွေးမြူရေးဇုံ ဧက ၂၀၀၀ အနီး ခရိုင်ချင်းဆက်လမ်း အမှတ် (၁) မှ မှန်ပြတောင်သွားလမ်း အရှည် ၁ မိုင် ၄ ဒဿမ ၅ ဖာလုံ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် တိုက်ကြီး-ကြာအင်းလမ်း အရှည် ၈၇၇၅ ပေအား ကွန်ကရစ်ဘီးလမ်းအလယ်ဖြည့်ခင်းခြင်း၊ လမ်းဘေးနှစ်ဖက်လမ်းပခုံးပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးရာ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးစိုးမင်းနိုင်က လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)