မိုင်းရှူးမြို့၌ မြို့နယ်သမဝါယမအသင်းစုလီမိတက် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ပွဲအခမ်းအနား ကျင်းပ

မိုင်းရှူး ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့မစျေးသမဝါယမအသင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အမှာစကားပြောကြားသည်။ ယင်းနောက် ရှမ်းပြည်နယ်(တောင်ပိုင်း/ အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်ဒုတိယဥက္ကဋ္ဌ ဦးဖေသိန်းက အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဝတ်ရည်နှင်းက လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ဝင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှု၊ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊အသင်းသားစာရင်းစစ်အစီရင်ခံစာဖတ်ကြားတင်သွင်းပြီး အသင်းဝင်ကိုယ်စားလှယ်များထံ အတည်ပြုချက်ရယူခဲ့သည်။ ဆက်လက်၍ သမဝါယမအသင်းစုလီမိတက်၏အမှုဆောင်သစ်များကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)