လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မင်းကုန်း) ၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်

လှည်းကူး ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌  မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း (မင်းကုန်း) ရှိ ကျောင်းသား/ကျောင်းသူများအား ဇူလိုင် လ ၁၁ ရက်နေ့ နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာတင်နိုင်နှင့်ကျောင်းကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးမှူး ဒေါ်ကြည်ကြည်လွင်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်း ကျောင်း(မင်းကုန်း)မှ ကျောင်းသား/ကျောင်းသူများအား အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွားရောဂါ၊ သွေးလွန်တုပ် ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဆေးလိပ်သောက်ခြင်းအန္တရာယ်၊ ငလျင်ဘေးအကြောင်းများကို အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူ (၁၉၆) ဦးတို့ကို သွားကျန်းမာရေး စစ်ဆေးပေးပြီး သွားနှုတ်ပေးရန် လိုအပ်သော ကျောင်းသား/ ကျောင်းသူ (၆၉) ဦးအား သွားနှုတ်ပေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(လှည်းကူး)