မှော်ဘီ ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ ယမန်နေ့နေ့လယ်ပိုင်းက စိုက်ပျိုးရေးသုတေသနခန်းမ၌ ကောက်စိုက်တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးနိုင်မှ မှော်ဘီခရိုင်အတွင်း မိုးစပါးစိုက်ပျိုးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဆွေက ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်မှုအပေါ် ရှင်းလင်းတင်ပြခြင်း၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရန်ကုန်တိုင်းဒေသကြီးမန်နေဂျာဦးကျော်သူရမှ ရှင်းလင်းတင်ပြခြင်း၊ သီးနှံအာမခံထားရှိရေးကိစ္စနှင့်ပတ်သက်၍ မြန်မာ့အာမခံလုပ်ငန်းသီးနှံအာမခံဌာန ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ဝါဝါအေးမှ ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိုးစပါးစိုက်ပျိုးခြင်းကိစ္စရပ်များနှင့် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်မှုအပေါ် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ပေးအပ်ရာ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးနိုင်မှလည်းကောင်း၊ မှော်ဘီမြို့နယ်၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက တောင်သူ(၂)ဦးထံသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က တောင်သူ(၂)ဦးထံသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက တောင်သူ (၂) ဦးထံသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က တောင်သူ(၂)ဦးထံသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက တောင်သူ(၂)ဦးထံသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တောင်သူ(၂)ဦးထံသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီးဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းကို ဝန်ကြီးချုပ်ဦးစိုးသိန်းက တောင်သူ (၁)ဦးထံသို့လည်းကောင်း စီးပွားရေးရာဝန်ကြီးက တောင်သူ(၁)ဦးထံသို့လည်းကောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှူးက တောင်သူ(၁)ဦးထံသို့လည်းကောင်း ပေးအပ်ခဲ့ပြီး တောင်သူ(၁)ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား ၁ဧကလျှင် တစ်သိန်းငါးသောင်းနှုန်းဖြင့် ထုတ်ချေးခဲ့ရာ မှော်ဘီမြို့နယ်အတွင်း ထုတ်ချေးငွေကျပ် (၁၃၅၀.၀၀) သန်းနှင့် ထန်းတပင်မြို့နယ်အတွက် ထုတ်ချေးငွေကျပ် (၉၇၅.၀၀) သန်း စုစုပေါင်း မှော်ဘီခရိုင်အတွင်း ထုတ်ချေးငွေကျပ် ( ၂၃၂၅.၀၀)သန်းရှိကြောင်း သိရသည်။
မြို့နယ် ပြန်ဆက်