ဒဂုံဆိပ်ကမ်း ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ခလေးစောင့်ရှောက်မှုအသင်း၏ ကြီးကြပ်မှုဖြင့် အမှတ် (၅၈) ရပ်ကွက်၊ အမှတ်(၈) အလယ်တန်းကျောင်း (ခွဲ) နှင့် အမှတ် (၂) မူလတန်း (လွန်) ကျောင်းတို့ရှိ ကျောင်းပြင်ပပညာရေးစခန်းတို့တွင် ယမန်နေ့နေ့လယ် ၂:၃၀ နာရီက ဗလာစာအုပ်နှင့် သွားတိုက်တံများ လှူဒါန်းခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများအား ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ခလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော် ဦးဆောင်၍ ခရိုင်အတွင်းရှိ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ခလေးစောင့်ရှောက်မှုအသင်းဥက္ကဋ္ဌများ၊ မြို့နယ်အမျိုးသမီး ရေးရာနှင့် မိခင်နှင့်ခလေးစောင့်ရှောက်မှုအသင်းအဖွဲ့ဝင်များက ကျောင်းပြင်ပပညာရေးစခန်းများရှိ ကျောင်းသား/ ကျောင်းသူများအား ဗလာစာအုပ်နှင့်သွားတိုက်တံများ ထောက်ပံ့ပေးအပ်ခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (သွားဘက်ဆိုင်ရာ)မှ ဦးစီးအရာရှိ ဒေါက်တာဝင်းမင်းဖြိုးနှင့်အဖွဲ့မှ သွားကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အသိပညာပေးစောပြောခြင်းနှင့် မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံး၊ သန့်ရှင်းရေးဌာနမှ တာဝန်ခံဦးစောလှမင်းနှင့်အဖွဲ့မှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်အတွက် အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့်ပလပ်စတစ်အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်းသို့ စနစ်တကျ စွန့်ပစ်စေရေး သရုပ်ပြအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)