ပြင်ဦးလွင်မြို့နယ် ဆင်လမ်းရေလှောင်တမံတွင် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် ဆင်လမ်းရေလှောင်တမံတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများနှင့် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများပါသည့် စုစုပေါင်းအင်အား (၄၅၀) ဦးကျော် တက်ရောက်ခဲ့ကြပြီး အတူတကွ သစ်ပင်များ စိုက်ပျိုးခဲ့ကြပါသည်။

အဆိုပါ စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများက ချယ်ရီသစ်ပင်အပင် (၄၅၀) စိုက်ပျိုးခဲ့ကြောင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာ၀န်ရှိသူများမှ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)