ခရမ်း ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တော်ဝင်စားသောက်ဆိုင်နှင့် ခရမ်းမြန်မာဘီယာဥယျာဉ် စားသောက် ဆိုင်များကို ဇူလိုင်လ ၁၀ ရက်နေ့ နေ့လယ် (၃)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်များကို ပြုပြင်ရောင်းချမှုတွင် သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ အစားအသောက်ချက်ပြုတ်သူများနှင့် ဝန်ဆောင် မှုပေးသူများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အစားအသောက်များ၏အမျိုးအစားနှင့် အရွယ်အစားပမာဏအလိုက် ပွင့်လင်းမြင်သာစွာဖြင့်ဖော်ပြစေရေး၊ အစားအ သောက်များ ဆေးကြောသန့်ရှင်းသည့်ရေများကို သန့်ရှင်းမှုရှိစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ ရောင်းချရမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)