မင်္ဂလာဒုံ ဇူလိုင် ၁၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၇၈ ခုနှစ် (၂၀၂၅ ခုနှစ်)၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များမှ ပထမကြီးတန်း ၈၂ ပါး၊ ပထမလတ်တန်း ၁၁၉ ပါး၊ ပထမငယ်တန်း ၃၂၇ ပါး၊ အခြေပြုမူလတန်း ၅၅၃ ပါး၊ စုစုပေါင်း ၁၀၈၁ ပါး ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြသည်။
မင်္ဂလာဒုံမြို့နယ် စာဖြေဌာနမှ ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များမှ ပထမကြီးတန်းတွင် ၁၄ ပါး၊ ပထမလတ်တန်းတွင် ၄၉ ပါး ၊ ပထမငယ်တန်းတွင် ၁၁၈ ပါးနှင့် အခြေပြုမူလတန်းတွင် ၂၇၆ ပါးတို့ အသီးသီးဖြေဆိုအောင်မြင်တော်မူခဲ့ကြောင်း သာသနာရေးဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
မင်းသိန်းထွန်း