လမ်းမတော် ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်မှ မြို့နယ်အစားသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ဆေးဝါးလုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာညီညီ၀င်း ဦးဆောင်သောအဖွဲ့နှင့် လမ်းမတော်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အဖွဲ့၀င်များနှင့်အတူ လမ်းမတော်မြို့နယ်အတွင်းရှိ Trophiz Land Co,Ltd ရှိ (DIAC)သက်တမ်းတိုးအတွက် ဆေးဝါး လုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)