ကျောက်ပန်းတောင်း ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး၊ ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ် သစ်တောဦးစီးဌာနနှင့် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့၏အစီအစဉ်ဖြင့် ယမန်နေ့နံနက် (၇) နာရီက တံငါ့ကန်ကျေးရွာအုပ်စု ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် ၄/၀ အနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ရှေးဦးစွာအမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်ဝင်းက သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာသူများကို ပျိုးပင်များ လွှဲပြောင်းပေးအပ်ပြီး ဦးဆောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူလေးများ စုစုပေါင်းအင်အား (၃၀၈)ဦးတို့က တမာ(၃၀၀)၊ ဖျောက်ဆိပ်(၃၀၀) ပျိုးပင် စုစုပေါင်း (၆၀၀) ကို တပျော်တပါး စိုက်ပျိုး ပေးခဲ့ကြသည်။
ထို့နောက် အမှတ်(၁) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်ဝင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းလွင်နှင့် တာဝန်ရှိသူများသည် ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲပြီး အခမ်းနားအား (၇:၃၅) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သဲသဲ