မြစ်သား ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်း(၃)ဦးအား (၁၀၁) ကြိမ်မြောက် မိသားစုပင်စင်ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြစ်သားမြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ချီးမြှင့်ငွေများပေးအပ်ရာတွင် မိသားစုပင်စင်အသင်းဝင် (၁၂၁၄) ဦးတို့မှ ပင်စင်ရရှိကြသည့် ကူမဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းပြဆရာမကြီး ဒေါ်ခင်သိန်းနွယ်၊ ဆည်ရွာအခြေခံပညာမူလတန်းကျောင်းမှ အထွေထွေလုပ်သား ဒေါ်ခင်မာကြည်နှင့် တမာပင် ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဆွေ တို့(၃)ဦးအား တစ်ဦးလျှင် ချီးမြင့်ငွေကျပ် ၁၇၈၁၀၀၀ိ/- ဖြစ်ပြီး အငြိမ်းစားဝန်ထမ်း(၃) တို့အတွက် စုစုပေါင်း ချီးမြင့်ငွေကျပ် ၅၃၄၃၀၀၀/- အား တာဝန်ရှိသူများက ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိသားစုပင်စင်ကို (၂၀၁၇) ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့အထိ အငြိမ်းစားဆရာ၊ ဆရာမကြီးများအားအား ချီးမြှင့်ငွေများပေးအပ်ခြင်း ကိုဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း မိသားစုပင်စင်အသင်းဝင် ငါးဆူကျောင်းအုပ်ဆရာကြီး ဦးဇော်သိန်းထံမှ သိရသည်။
ဝါဝါမြင့်