ထားဝယ်မြို့နယ်တလိုင်းတောင်-ဇလွန်းကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်း

ထားဝယ်    ဇူလိုင် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ကျေးလက်နေပြည်သူများအတွက် တလိုင်းတောင်-ဇလွန်း ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်ယမန်နေ့နံနက်ပိုင်း က ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်တာဝန်ခံတို့ ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တာဝန်ရှိသူများ က တလိုင်းတောင်-ဇလွန်းကျေးရွာချင်းဆက်လမ်း(၁/၄)မိုင်အား ကျောက်ချောလမ်း ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီသတ်မှတ် ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ကျေးလက်နေပြည်သူများအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် တလိုင်းတောင် - ဇလွန်းကျေးရွာချင်းဆက်လမ်း (၁/၄)မိုင်အား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။

ငွေဇင်ယော်(ထားဝယ်)