ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များ MyRo တွင် ဆန်/စပါးမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မိတ္ထီလာ ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online MyRo) တွင် ဆန်စက်များ MyRo တွင် ဆန်စပါးမှတ်ပုံတင်နိုင်ရေး ယမန်နေ့က ဝမ်းတွင်းမြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online MyRo) တွင် ဆန်/စပါးသိုလှောင်မှုလုပ်ငန်း၊ သိုလှောင်မှုအခြေအနေနှင့် နိုင်ငံအနှံရှိ သိုလှောင်ရုံများကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျ မှတ်ပုံတင်ပြီး ဆန်ဈေးကွက်နှင့် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးရည်ရွယ် ဆောင်ရွက်လျက်ရှိ ရာ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့ရှိ ကမ္ဘာသစ်ဆန်စက်အား MyRo တွင် ဆန်/စပါး သိုလှောင်ရုံမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်လုပ်ငန်းရှင်များအား တန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့မဟုတ်) စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်ရုံတစ်မျိုးပိုင်ဆိုင်သူသည် MyRoတွင် ဆန်/ စပါးသိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မှတ်ပုံတင်ရာတွင် www.myro.com.mm တွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင် လိုအပ်သည့် အချက် အလက်များကို ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)