ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ

ကွမ်းခြံကုန်း ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာသိန်းလွင်ရေးသားသော ကိုယ်ကျင့်တရားနှင့်ဘဝအောင်မြင်ရေး အလေ့အကျင့်များစာအုပ်ဖြင့် ဇူလိုင်လ ၈ ရက်နေ့ည‌နေကလူငယ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မောင်အောင်ပြည့်ဟိန်းက အောင်မြင်မှုခေါင်းစဉ်မှ အောင်မြင်မှုသည် ကျွန်ုပ်၏စိတ်နေစိတ်ထားမှ ပေါ်ပေါက်လာသောအကျိုးရလဒ်ဖြစ်သည် အ ကြောင်းအရာအားလည်းကောင်း၊ မောင်ကျော်ဇင်ဟိန်းက ရည်မှန်းချက်ပန်းတိုင်ချမှတ်ရေး မိမိဖန်တီး‌‌လိုသော ဘဝကံကြမ္မာနှင့် ဘဝပန်းတိုင်ကို ကိုယ်တိုင်သိခဲ့လျှင် အသိဗဟုသုတတို့သည် ထိုပန်တိုင်သို့ရောက်ဖို့အတွက် အထောက်အကူပြုပါလိမ့်မည် အကြောင်းအရာအားလည်းကောင်း၊ မမေမြတ်နိုးက စိတ်နေ စိတ် ထား အရေးကြီးပုံ‌ခေါင်းစဉ်မှ သင်၏စိတ်နေစိတ်ထားက သင်၏ဘဝပန်းတိုင်ကိုလွှမ်းမိုးမှုရှိပြီး များစွာအကျိုးသက်ရောက်မှုရှိကြောင်း စသည့်အကြောင်းအရာအားလည်းကောင်း တက်ရောက်လာသည့်  စာပေချစ်သူများနှင့်အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)