မိုးနဲမြို့နယ်၌ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

မိုးနဲ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နယ်မြေခံတပ်ရင်းတပ်ဖွဲ့ စာကြည့်တိုက်ရှိ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ယနေ့မွန်းလွဲ ၁နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ရှိ စာအုပ်စာစောင်များ၊ ရာစုအမှတ်၊ တိုက်ပိုင်အမှတ်များ မှန်ကန်စေရေးနှင့် ရာစုအလိုက်ထားရှိရမည့်ပုံစံနှင့် ပျက်စီးမှုမရှိစေရေး ပြုလုပ်သင့်သည့်အချက်များနှင့် စာကြည့်တိုက်လုပ်ငန်းပိုမိုတွင်ကျယ်လာစေရေး၊ စာငှား၊ စာဖတ်သူဦးရေ တိုးပွားစေရေးတို့အတွက် လုပ်ဆောင်သင့်သည့်အချက်များကို ဆွေးနွေးပေးခဲ့သည်။ ထို့နောက် စာအုပ်စာစောင်များအား ပြုလုပ်သင့်သည့် နမှုနာပုံစံများကို ပြသခဲ့ပြီး တပ်နယ်စာကြည့်တိုက်တာဝန်ခံမှ သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်အပြင် ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းများ၊ အသိပညာပေးလုပ်ငန်းများကိုလည်း အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်အပြင် အွန်လိုင်းအသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို