ကြာအင်းဆိပ်ကြီးမြို့နယ်၌ အရုဏ်ဆွမ်းလောင်းလှူပွဲ ကျင်းပ

ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၀

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဝါတွင်းကာလ၌ သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်များအား အရုဏ်ဆွမ်းလောင်းလှူဒါန်းပွဲကို ယမန်နေ့ ဝါဆိုလပြည့်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်ဓမ္မပါလ အဖွဲ့မှဦးဆောင်ပြီး အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မြို့လယ်သာသနာ့ ဗိမာန်တော်ကြီးရှေ့တွင် ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။

အဆိုပါ အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူခြင်းသို့ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၀) ကျော်မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင် အပါး (၃၀၀) ကျော် ကြွရောက်အလှူခံတော်မူပြီး မတည်အလှူဒါနအား ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားများဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ ရပ်မိ၊ ရပ်ဖ၊ အများပြည်သူအလှူရှင်များမှလည်း အရုဏ်ဆွမ်း လောင်းလှူဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)