သန်လျင်မြို့နယ်ရပ်ကွက်၊ ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၉

သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အမှုထမ်းရပ်ကွက်နှင့်ကွက်သစ်(၁) မြယာရိုး( ၁၄) လမ်းတို့၌ အဖွဲ့များခွဲ၍ယမန်နေ့ညနေပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်ခြင်းကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေး၊ ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေး၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ရေအုတ်ကန်များအတွင်း အဘိတ်(abate)ဆေးခတ်ခြင်း၊ ဆေးမှုတ်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများ အဖွဲ့များခွဲ၍ ရပ်ကွက်၊ကျေးရွာများ၌အသိပညာပေးဟောပြောခြင်း၊  ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို တာဝန်ရှိသူများနှင့်ပူးပေါင်းကာ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ