တာချီလိတ် ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုအခွန်အကောက်ဥပဒေ အပါအဝင် ပြည်တွင်းအခွန်များ ဦးစီးဌာနက စည်းကြပ် ကောက်ခံလျက်ရှိသည့် အခွန်များနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်နှင့်မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် တာချီလိတ်မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးဝေလှိုင်ဦးက အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များကို အသိပညာပေးရှင်း လင်းဆွေးနွေးပြီး အခွန်ထမ်းပြည်သူများသိလိုသည့် မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)