မောက်မယ်မြို့နယ်၌ ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲ ကျင်းပ

မောက်မယ် ဇူလိုင် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုး တော်ဆောင်အဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲကို ယနေ့ နံနက် ၇ နာရီက နန်းဖတ်ခုမ်စေတီတော်ကျောင်းမှ ပရိယတ္တိပါဒက ကျောင်းကြီးစာသင်တိုက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲတွင် မြို့နယ်စုပေါင်းရုံး ရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်တွင် ဒေသခံပြည်သူများတို့က မြို့ပေါ်ရှိဘုန်းကြီးကျောင်း (၁၄) ကျောင်းနှင့် ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်း (၉) ကျောင်းမှ ကျောင်းထိုင်ဆရာတော်များ၊ ရဟန်းသံဃာတော်များ မြို့နယ်အတွင်းရှိ မြို့နယ်သံယာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာတော်များ (၁၈၀)ပါး ခန့်တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ စည်ကားသိုက်မြိုက်စွာ စေတနာသဒ္ဒါ တရားအား ထက်သန်စွာဖြင့် လှူဒါန်းမှုအစုစုတို့အတွက် အလှူရှင်များက ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုခဲ့ကြပြီး  လောင်းလှူခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)