ဒဂုံမြို့နယ်တွင် (၇၈) နှစ်မြောက်  အာဇာနည်နေ့အကြို ဟောပြောပွဲ ကျင်းပ

ဒဂုံ ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ယမန်နေ့နံနက် (၉:၀၀) နာရီက (၇၈)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် လူငယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဥမ္မာထွေးက အဖွင့်အမှာစကား ပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးမှ၊ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး၏ အတ္ထုပ္ပတ္တိ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံအကျိုးအတွက် ဆောင်ရွက်ချက်များ၊ လူငယ်များ အတုယူရမည့် အာဇာနည်စိတ်ဓာတ်အကြောင်း၊ ဟောပြောဆွေးနွေးခဲ့ပါသည်။ တက်ရောက်သော ကျောင်းသား/သူ အင်အား(၂၈၀)ဦးရှိကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံ ကပ်စာစောင်များ၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ကျောင်းသူများ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

လဲ့လဲ့(ပြန်/ဆက်)