ရန်ကုန် ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့ မွန်းလွဲ ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ စာရေးဆရာမ ပေါက် ပေါက်၊ ဗဟန်းမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် အ.မ.က (၁၂) ဗဟန်းမှ တာဝန်ခံဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က “အနာဂတ်ကာလတွင် ဦးဆောင်ဦးရွက်ပြုကြမည့် လူငယ်များ အနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံရန် လိုအပ်ပါကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုပါ သိရှိရန်လည်း လိုအပ်မှာဖြစ်ကြောင်း၊ ပြင်ပဗဟုသုတများကို စာကြည့်တိုက်များ၌ ရှာဖွေဖတ်ရှုလေ့လာခြင်း၊ ဆိုရှယ်မီဒီယာများမှ စနစ်တကျ လေ့လာခြင်းဖြင့် မိမိတို့၏ အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချကြရန် လိုအပ်ပါကြောင်းနှင့် စာအုပ်စာပေများအား လေ့လာရာ၌ ထိရောက်မှန်ကန်မှုရှိရန်အတွက် စာပေပညာရပ် အညွှန်းများအား” အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဗဟန်းမြို့နယ် Book Club အဖွဲ့ဝင် စာရေးဆရာမ ပေါက်ပေါက်က တက်ရောက်လာ ကြသော ကျောင်းသား/ သူများအား လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များအား မေးမြန်းမှုများကို ဆရာမက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ အမှတ် (၁၂) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်သား၊ ကျောင်းသူများ၏ ယှဉ်ပြိုင်နေမှုများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ စာရေးဆရာမ ပေါက်ပေါက်၊ ဗဟန်းမြို့နယ် အမျိုး သမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ခံဆရာမများ က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျော်သူဟိန်း (ပြန်/ဆက်)