ကျိုင်းတုံ ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ အခမဲ့ခွဲစိတ်ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ယမန်နေ့ ပြည်နယ်၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက အာဟာရပြည့် အချိုရည်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက ကျိုင်းတုံဒေသအနီးဝန်းကျင်မှ ဒေသခံပြည်သူ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ၂၃ ဦးအား အခမဲ့ခွဲစိတ်ကုသ ဆောင်ရွက်ပေးနေမှုကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တာဝန်ခံ ဒေါ်ခင်စန္ဒာဦး၊ ကျိုင်းတုံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဘမ်ဘီးနာ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒေဝီမေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရပြည့် အချိုရည်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်