ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

ကျိုင်းတုံ ဇူလိုင် ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုတတ်သော အလေ့ အထကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က ကျောင်းသား/သူများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး အကြောင်းအရာများကိုလည်းကျောင်း၊ ဦးစီးအရာ ဦးစိုင်းရွှေအောင်နှင့် ကျိုင်းတုံမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချယ်ရီဦးတို့က ကလေးအလုပ်သမားပပျောက်ရေး သိကောင်းစရာများကိုလည်းကောင်း  ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဓာတ်ပုံများပြသခြင်း၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)