အလုံ ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၇ နာရီခွဲက ကျင်းပခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် အမြင့် ၂ ပေ နှင့်အထက်ရှိ မဟော်ဂနီ(၆၂)ပင်၊ ခရေ(၆၂)ပင်၊ ငု(၅၀)ပင်၊ ရေတမာ(၂၅)ပင်၊ ပျဉ်းမ (၂၅)ပင်၊ ကံ့ကော်(၅၁)ပင်၊ စုစုပေါင်း သစ်မျိုး(၆)မျိုး၊ ပျိုးပင်ပေါင်း (၂၇၅) ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်နှင့် ဝန်ထမ်းများ၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/သားများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀) ဦး တက်ရောက်ခဲ့ကြသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)