ဘားအံမြို့၌ အမျိုးသမီးများ ဝင်ငွေတိုးတက်ရေး စက်ချုပ်နည်းပညာသင်တန်း (ပထမအကြိမ်) ဖွင့်လှစ်

ဘားအံ ဇူလိုင် ၈

ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးတက်ရေးစီမံကိန်းအစီအစဉ်တွင် ပါဝင်သည့်  အမျိုးသမီးများ ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစက်ချုပ်နည်းပညာ သင်တန်း (ပထမအကြိမ်) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ဘားအံမြို့နယ်၊ ‌နောင်ကမြိုင်ကျေးရွာ၌ ကျင်းပရာ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာကြူကြူလှိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီးနောက် ကျေးရွာစီမံကိန်းအကောင်အထည်ဖော်‌ရေးကော်မတီအဖွဲ့ခေါင်းဆောင်က သင်တန်းသားတစ်ဦးအား သင်တန်းသုံးကုန်‌ကြမ်းပစ္စည်းများ ပေးအပ်သည်။

အဆိုပါ အမျိုးသမီးများ ဝင်ငွေတိုးတက်ရေး စက်ချုပ်နည်းပညာသင်တန်း (ပထမအကြိမ်)ကို သင်တန်းသား၊ သင်တန်းသူ (၁၀)ဦးဖြင့် ဇူလိုင် ၇ ရက်မှ ဩဂုတ် ၅ ရက်အထိ တစ်လကြာ သင်ကြားပေးသွားမည်ဖြစ်သည်။ ထို့အတူ စက်ချုပ်နည်းပညာသင်တန်း (ဒုတိယအကြိမ်) သင်တန်းကိုလည်း ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်မည့်သူငါးဦး ရွေးချယ်ကာ လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)