တွံတေး ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့်သင်တန်းဖွင့်ပွဲကို တွံတေးမြို့၊ အ.ထ.က (၂) ပညာရတနာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းသူ၊ တွံတေးခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများ၊ သင်တန်းနည်းပြဆရာများ၊ တွံတေးခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ပညာရေးစည်ပင်သာယာရေးစသည့်ဌာနများမှ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦး တက်ရောက်ခဲ့သည်။
သင်တန်းကာလမှာ ဇူလိုင်လ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ (၂) ရက်ဖြစ်ပြီး သင်တန်းအား နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ သင်ခန်းစာများ ပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ပတ်သက်၍ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုခြင်း၊ အီလက်ထရောနစ်မဲပေးစက် Installation ပြုလုပ်ခြင်း၊ MEVM စက်တည်ဆောက်ပုံစစ်ဆေးခြင်း၊ ကြိုတင်ပြင်ဆင်စမ်းသပ်ခြင်းများ၊ ရွေးကောက်ပွဲနေ့တွင် စမ်းသပ်မဲပေးခြင်း၊ အရန်စက်လဲလှယ်ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အသုံးပြုရမည့် ပုံစံများ ရှင်းလင်းခြင်း၊ သင်တန်းသား၊ သင်တန်းသူများအား လက်တွေ့ကိုင်တွယ်လေ့ကျင့်စေခြင်း စသည့်လုပ်ငန်းစဉ်များအား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်