ရန်ကုန် ဇူလိုင် ၈
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့်ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက အ.မ.က ဖားကူး၊ ဝင်းခနီး (မူလွန်)စက်မှုစိုက်ပျိုး အ.ထ.ကကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများကအဖွဲ့များခွဲကာ မိုးရာသီကာလအတွင်း အဖြစ်များသော ရာသီတုပ်ကွေးများအကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့် ပတ်သက်ပြီး လိုက်နာသတိပြုဖွယ်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များအကြောင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက အဖွဲ့များခွဲကာ ကျောင်းသား/ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်ပြန်/ဆက်)