ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ တွေ့ဆုံပွဲ ကျင်းပ

ဒလ   ဇူလိုင်    ၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြိူ့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ဗိုလ်ရန်ပြေရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ အဖွဲ့၀င်အသစ်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ အသင်း၀င်အသစ်များအား မိတ်ဆက်စကားပြောကြားခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့၏ အခြေခံစည်းမျဉ်းများအကြောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍  အမျိုးသမီးများနှင့် ပတ်သက်၍ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ၊ အကြမ်းဖက်မှုများ လျော့ပါးပပျောက်စေမှုနှင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာများကို ရှင်းလင်းပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ရပ်ကွက်၊ ကျေးရွာအမျိုးသမီးအဖွဲ့ဝင်များက သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးနှင့် ဒလမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအမျိုးသမီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)