လှိုင်မြိုနယ်တွင် ရှေးဦးပြုစုခြင်း(‌အခြေခံ)ကြက်ခြေနီသင်တန်း ဖွင့်လှစ်

လှိုင် ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) ကြက်ခြေနီသင်တန်းကို အ.ထ.က() အခြေခံပညာအထက်တန်းကျောင်းတွင် မန်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အ.ထ.က (၄) ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ရွှေက အဖွင့်အမှာစကားပြောကြားပြီး လှိုင်မြို့နယ်‌ကြက်ခြေနီအသင်းခွဲဒုတိယဥက္ကဋ္ဌ ဒေါ်လွင်မာဦးက ကျောင်းသား၊ ကျောင်းသူများအား လူမှုရေးလုပ်ငန်းများတွင် အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ မိမိကိုယ်မိမိယုံကြည်စိတ်ချစွာ ဆုံးဖြတ်၍ လူမှုရေးနှင့်ပရဟိတလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရှေးဦးပြုစုခြင်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သင်ကြားချိန်တွင် စည်းကမ်းတကျရှိစေရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။

လှိုင်မြို့နယ် အမျိုးသမီး‌ရေးရာအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) ကြက်ခြေနီသင်တန်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၅ ဦး တက်ရောက်ကြပြီး သုံးရက်ကြာ စာတွေ့လက်‌တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)