လှည်းကူးမြို့နယ်၌ မိုးရာသီရေဘေးကာကွယ်ရေးပစ္စည်းများ စုဆောင်းခြင်း အသိပညာပေးဟောပြော

လှည်းကူး ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ မိုးရာသီရေဘေးကာကွယ်ရေး ပစ္စည်းများ ကြိုတင်စုဆောင်းထားရှိခြင်းနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းစဥ်များ သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြရှင်းလင်းခြင်းကို ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်းက စာဘူးတောင်းကျေးရွာအုပ်စု၊ အင်ကြင်းကွင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲတွင် လှည်းကူးမြို့နယ် ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်ဝင်းနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတို့က ကျေးရွာနေပြည်သူများအား မိုးရာသီရေဘေးကာကွယ်ရန် ရေဘေးကာကွယ်ရေးပစ္စည်းများ ကြိုတင်စုဆောင်းထားရှိခြင်းနှင့် မိုးရာသီရေဘေးကာကွယ်ရေး လုပ်ငန်းစဥ်များအား ကြိုတင်အသိပညာပေးရှင်းလင်းခဲ့ပြီး ဒေသနေပြည်သူများအား ရေဘေးကာကွယ်ရေးပစ္စည်းများ အသုံးပြုပုံများကို လက်တွေ့သရုပ်ပြရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့