ကွမ်းခြံကုန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

ကွမ်းခြံကုန်း   ဇူလိုင်    ၈

သမ‌ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ချပြရှင်းလင်းခြင်းအခမ်းအနားကို တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးသက်ဇော်က‌ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်သော အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ ဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဦးစီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ကျေးလက်ဒေသနေပြည်သူများ၏ တာဝန်နှင့်ရပိုင်ခွင့်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ ချပြရှင်းလင်းခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများ၏ သိရှိလို၍ မေးမြန်းသည်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)