ရန်ကုန် ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ကမာရွတ်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
ထို့နောက် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများဖြစ်သည့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့ကျင်းပရာ ပြိုင်ပွဲများသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပါသည်။
စာစီစာကုံးပြိုင်ပွဲ အထက်တန်းဆင့်နှင့် အလယ်တန်းဆင့်တွင် ကျောင်းသား၊ ကျောင်းသူ (၂၈) ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၁) ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၈) ဦး စုစုပေါင်း(၉၇)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိမ်းလဲ့