မြောက်ဥက္ကလာပ ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် တွင် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) JN1ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက်ရှိသူများ၊ သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာများအား ကာကွယ်ဆေးရရှိသည့်အပေါ် မူတည်၍ ဦးတည်အုပ်စုများအလိုက် ကိုဗစ် ၁၉ ကာကွယ်ဆေး(Pfizer)JN1 ကို ရုံးချိန်အတွင်း ထိုးနှံပေးလျှက်ရှိသည်။ အဆိုပါ Pfizer COMIRNATY JN-1 ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများအလိုက် စိစစ်၍ထိုးနှံပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် မေ ၂၅ ရက်နေ့မှ ဇူလိုင် ၄ ရက်နေ့ထိ Pfizer XBB- (၁၇၂၉) doses နှင့် Pfizer JN1-(၅၂၇၄) doses စုစုပေါင်း (၇၀၀၃) doses ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)